Monday, November 22, 2010

ဂီရီနဲ့အတူစီးမျောသွားသော ကျွန်တော်

22-10-2010 နေ့က ကျွန်တော်တို့ရခိုင်ပြည်နယ်မှာ ဂီရိမုန်တိုင်းဖြတ်သန်းတိုက်ခိုက်သွားပါတယ်။ မုန်တိုင်း တိုက်ပြီးတဲ့ အချိန်ကနေ ကျွန်တော်ဟာမုန်တိုင်းသင့်ဒေတွေအတွက် လူမှုရေးလုပ်ငန်းတွေသွားရောက်လုပ် ကိုင်နေခဲ့ပါတယ်။ ( အင်တာနက် ဆက်သွယ်မှုတွေပြတ်တောက်သွားတဲ့နေ့ကနေ မနေ့ကထိ ကျွန်တော် အင်တာနက် မသုံးဖြစ်တာ ၂ လနီးပါးလောက် အဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။ ဒါကြောင့် ဆိုက်မှာ ဘာတစ်ခုမှ မတင်ဖြစ်ပါဘူး။ ) ကျွန်တော် ဂီရိအတွက်သွားရောက်လုပ်ကိုင်ခဲ့စဉ်က ဓာတ်ပုံတွေရေ ပွဲတော် ဓာတ်ပုံတွေရော အများကြီးတင်စရာကျန်ပါသေးတယ်။  မအားတာနဲ့ မတင်ဖြစ်ပါဘူး။ ဂီရိနဲ့ပတ်သက်လို့ နောက်ဆုံးလုပ်ဆောင်ခဲ့တာက “တွဲလက်ကရုဏာ” ရခိုင့်အနုပညာဖျော်ဖြေပွဲတော်ပါ။ အဲဒီပွဲတော်နဲ့ ပတ်သက်လို့ အကြောင်းအရာတွေကို နောက်နေ့မှ တင်ပေးပါတော့မယ်။ ဒီနေ့က တော့ ကျွန်တော် ကွန်ပျူတာ ကျန်နေခဲ့တာမို့ အချက်အလက်တွေအားလုံး မစုံလို့ပါ။


Saturday, July 24, 2010

လှေပြိုင်ပွဲ (လောင်းပြိုင်ပွဲ)


မြောက်ဦးသျှစ်သောင်းဘုရားပွဲမှာ ကျင်းပတဲ့ လှေပြိုင်ပွဲပုံတွေကိုတင်ပေးလိုက်ပါတယ်။ လှေပြိုင်ပွဲ အကြောင်းကို ဒီနေရာမှာ ဖော်ပြပေးခဲ့ပြီးပါပြီ။ လှေပြိုင်ပွဲပုံတွေကိုတော့ ကိုသန်းဆွေ(ရခိုင်အဆိုတော်)မှ ကူညီပေးပါတယ်။

Sunday, July 18, 2010

ဂစ္ဆပနဒီ (ကုလားတန်မြစ်)

http://img18.imageshack.us/img18/9825/kalandan.jpg
ဂစ္ဆပနဒီရဲ့ ပုံတစ်ချို့ကို တင်ပေးထားပါတယ်။

ရခိုင်ကဆုန်လပြည့်နေ့ ဓာတ်ပုံများ

ကျွန်တော်တို့မြို့ (စစ်တွေ)မှာ အင်တာနက် ကွန်နယ်ချယ်လိုင်းတွေမကောင်းတာကြာပါပြီ၊ အသုံးဝင်နေတဲ့ proxy လေး အဘန်းခံရတဲ့နောက်ပိုင်း ကျွန်တော်လည်း ဒီ blog တွေကို ဖွင့်ရပြုရခက်သွားတာမို့ ဘာမှမတင်နိုင်တော့ပါဘူး။ Freedom နဲ့ ကျော်သုံးရအောင်လည်း လိုင်းက ဘာမှမကောင်းတော့အသုံးမဝင်ပါဘူး။ ပြောရအုံးမယ် ကျွန်တော်တို့သုံးနေရတဲ့ အင်တာနက်လိုင်းက ADSL 256 kbps တဲ့ဗျာ။ အခုတင်ပေးမယ့် ရခိုင်ကဆုန်လပြည့်နေ့က ဓာတ်ပုံလေးတွေကို တင်မလို့ လုပ်ထားတာ ကြာပါပြီ။ dashboard ကိုဖွင့်မရတာနဲ့လုံးချာလည်နေတာပါပဲ။ ဒီနေ့ တော့ ကြိုးကြိုးစားစားတင်ပေးထားလိုက်ပါတယ်။  ပိုစ့်အသစ်တင်ပေးရတဲ့အချိန် အရမ်းကြန့်ကြာသွားတဲ့အတွက် အထူးပဲတောင်းပန်အပ်ပါတယ်။ 
P.S အခုပို့စ်ကိုတင်တာ တစ်ရက်တိတိကြာပါတယ်။ 18 ရက်နေ့ မနက်ပိုင်းကနေတင်တာ 19 ရက်နေ့ မနက်ပိုင်းမှ တက်သွားပါတယ်။ တော်တော်မြန်တဲ့ ကွန်နယ်ချယ်ကြီး :(

Friday, June 11, 2010

၂၀၁၀ ကမ္ဘာ့ဖလားပွဲနှင့် ကျွန်တော်

http://www.bernos.org/blog/wp-content/uploads/2008/06/2010_fifa_world_cup_logo.jpg
ကမ္ဘာ့ဖလားပွဲအား ဂုဏ်ပြုသောအားဖြင့်ရေးသားပါသည်
 ကျွန်တော်သည် ဘောလုံးပွဲကို အရူးအမူးအားပေးသူတစ်ယောက်မဟုတ်သော်လည်း  လေးနှစ်တစ်ကြိမ် ကျင်းပမြဲဖြစ်သော ကမ္ဘာ့ဖလားဘောလုံးပွဲကိုမူ မလွတ်တမ်းအားပေးကြည့်ရှုပါသည်။ မနေ့က (၁၁-၅-၂၀၁၀) နေ့တွင် ၁၉ ကြိမ်မြောက်သော ကမ္ဘာ့ဖလားဘောလုံးပွဲကို တောင်အာဖရိက ကျင်းပခဲ့ပါသည်။ ကမ္ဘာတွင် အကြီးကျယ်ဆုံးအခမ်းအနားဆုံးဘောလုံးပြိုင်ပွဲတစ်ခုဖြစ်သော ကမ္ဘာ့ဖလားပွဲကို နိုင်ငံပေါင်းမြောက်မြားစွာမှ ဘောလုံးပရိတ်သတ်များသည် စောင့်ဆိုင်းကြည့်ရှုလျှက် ရှိနေကြမည်ဆိုသည်မှာ မလွဲပါ။ ကျွန်တော်လည်း ဘောလုံးပွဲတစ်ပြီးထိ အိပ်ရေးပျက်ရမှာ မလွဲပေ။  ၁၈ကြိမ်မြောက်(၂၀၀၆)ကမ္ဘာဖလားပွဲတုန်းက ကျွန်တော်လည်ပင်းကျီးပေါင်းနဲ့ဆေးရုံတက်ရတယ်။ ကြည့်ချင်လွန်းအားကြီးလို့ ဆေးရုံက ခိုးဆင်းပြီးကြည့်တာ အဟီး။